ကော်ဖီနှင့် အရေပြားကင်ဆာ
29-Oct-2016
လေ့လာမှုတစ်ရပ်အရ တစ်နေ့တွင် ကော်ဖီလေးခွက်သောက်ခြင်းသည် အရေပြားကင်ဆာဖြစ်နိုင်ချေကို လျော့ချပေးသည်ဟု သိရသည်။ Yale လူထုကျန်းမာရေးကျောင်း နှင့် အမျိုးသားကင်ဆာကျောင်းမှ သုတေသီများသည် ကော်ဖီသောက်သုံးခြင်း နှင့် အရေပြားကင်ဆာ ဆက်စပ်မှုကို လေ့လာခဲ့သည်။ အမျိုးသားကျန်းမာရေးဌာန၏ သတင်းထုတ်ပြန်ချက်အရ ဗြိတိန်တွင် တစ်နှစ်လျှင် အရေ ပြားကင်ဆာဖြစ်သူ ၁၃၀၀၀ ဖြစ်ပွားနေသည်ဟု သိရသည်။ အရေပြားကင်ဆာ ဖြစ်ရခြင်း အဓိကအကြောင်းအရင်းသည် နေရောင်ခြည်တွင် ပါဝင်သော ခရမ်းလွန်ရောင် ခြည်ကြောင့်ဖြစ်သည်။ လေ့လာမှုအတွက် အရေ ပြားကင်ဆာမဖြစ်သေးသူ ၄၄၇၅ရဦး ပါဝင်ခဲ့ကြသည်။ ကော်ဖီသောက်ခြင်း နှင့် အရေပြားကင်ဆာဆက်စပ်မှုကို ၁ဝနှစ်ကြာ လေ့လာခဲ့သည်။ ယခုအချိန်တွင် ထိုလေ့လာမှုတွင် ပါဝင်သူ ၂၉၀၅ဦးသည်အရေပြား ကင်ဆာ ဖြစ်ပွားနေသည်ကို တွေ့ရသည်။ တွေ့ရှိမှုအရ ကော်ဖီသောက်သုံးမှု နည်းပါးသူများ ဖြစ်နေသည်ကို တွေ့ ရသည်။ လေ့လာမှုအရ ကော်ဖီတစ်နေ့ ၄ခွက် သောက်ခြင်းသည် အရေ ပြားကင်ဆာဖြစ်နိုင်ချေကို ၂ဝရာခိုင် နှုန်းအထိ လျော့ချပေးကြောင်းသိရ သည်။
Ref: မာဃ Vol(2), Issue(155):Health Updates Journal, February 11, 2015 Source:Netdoctor
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
